အင်တာနက်ထဲက လျှို့ဝှက်ငွေကြေးစနစ်အကြောင်း (What is cryptocurrency?)



အင်တာနက်ထဲက လျှို့ဝှက်ငွေကြေးစနစ်အကြောင်း
What is cryptocurrency?
How cryptocurrency work in Internet?
What is Bitcoin?
What is Litecoin?

လူတစ်ယောက်စီက ပစ္စည်းတစ်ခုကို အခြားလူတစ်ယောက်က ဝယ်ယူဖို့ဆိုရင်ကြားခံငွေကြေးတစ်ခုကို အသုံးပြုပြီး ဝယ်ယူကြရပါတယ်။ ဒီလိုဝယ်ယူနိုင်တဲ့ ငွေကြေးစနစ်ကို လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက တီထွင်ဖန်တီးခဲ့တာဖြစ်ပြီး၊ လက်ရှိကမ္ဘာပေါ်မှာ အသုံးပြုနေတဲ့ ငွေကြေးတွေကို သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဗဟိုဘဏ်တွေက တရားဝင်ထုတ်ထားတာဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ ငွေကြေးအမျိုးအစားပေါင်း ၁၈၀ ရှိပါတယ်။ အဲ့ဒီအထဲကမှ သြဇာကြီးမားဆုံး ငွေကြေးကတော့ USD နှင့် EUR ဖြစ်ပါတယ်။ မည်သည့်ငွေကြေးမဆို ရုပ်ဝတ္ထုတစ်ခုအနေနဲ့ရှိတဲ့အတွက် ထိတွေ့ကိုင်တွယ်လို့ရတယ်၊ သိမ်းထားလို့ရတယ်၊ အရောင်းအဝယ်လုပ်လို့ရတယ်၊ အလွဲအပြောင်းလုပ်လို့ရတယ်။ အခုအချိန်ထိ လူတိုင်း၊ နိုင်ငံတိုင်း အသုံးပြုနေတဲ့ ငွေကြေးစနစ်လည်းဖြစ်ပါတယ်။ အင်တာနက် နည်းပညာ ကျယ်ပြန့်လာပြီးနောက်ပိုင်း ၂၀၀၉ ခုနစ်မှာ Bitcoin လို့ခေါ်တဲ့ အင်တာနက်ထဲမှာပဲ အသုံးပြုလို့ရတဲ့ လျှို့ဝှက်ငွေကြေးစနစ်တစ်ခု စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ အင်တာနက်ထဲက လျှို့ဝှက်ငွေကြေးစနစ်ကို Cryptocurrency လို့ခေါ်ပြီး Bitcoin ဟာ ပထမဆုံးပေါ်ထွက်လာတဲ့ Cryptocurrency တစ်ခုလည်းဖြစ်ပါတယ်။ လျှို့ဝှက်ငွေကြေးစနစ်တစ်ခုဖြစ်တဲ့ Bitcoin ဟာ ရုပ်ဝတ္ထုအနေနှင့်မရှိတဲ့အတွက် ထိတွေ့ကိုင်တွယ်လို့မရပေမယ့် သမားရိုးက ငွေကြေးစနစ်လိုပဲ သိမ်းထားလို့ရတယ်၊ အရောင်းအဝယ်လုပ်လို့ရတယ်၊ အလွဲအပြောင်းလုပ်လို့ရတယ်။ ၂၀၁၁ နောက်ပိုင်းမှာ ဥပဒေနှင့်မလွတ်ကင်းတဲ့ ပစ္စည်းတွေကိုအရောင်းအဝယ်လုပ်တဲ့ Black Market တစ်ခုဖြစ်တဲ့ Silk Road ဆိုတဲ့ website ကနေ မူးယစ်ဆေးဝါးနှင့်လက်နက်တွေကို အရောင်းအဝယ်ပြုလုပ်ဖို့အတွက် Bitcoin ကို ကျယ်ကျယ်ပြန်ပြန့် အသုံးပြုခဲ့ကြတယ်။ အခုအချိန်မှာတော့ Bitcoin ဟာ အင်တာနက်ထဲမှာ သြဇာကြီးမားတဲ့ Cryptocurrency တစ်ခုဖြစ်နေပါပြီ။ အင်တာနက်ထဲမှာ Bitcoin အပြင်အခြား Cryptocurrency တွေလည်းရှိပါတယ်။

#bitcoin
#litecoin
#cryptocurrency
#blockchain
#mobilewallet
#ethereum
#usdtobitcoin
#usdtolitecoin

Photo Credit:
TaxRebate.org.uk
Gareth Halfacree (flickr)
WorldSpectrum (Pixabay)

Leave a Reply